
`သမီး၊ ဘ၀မှာ တစ်ခါပဲသေတာပါ။ တွေးကြောက်မနေနဲ့´ တဲ့။
ခွေးတွေလိုက်ဖမ်းနေလို့ ပြေးခဲ့ရတဲ့ သမီးကို ဖခင်ဖြစ်သူက အားပေးတဲ့စကား။
မိဘများစွာဟာ ကိုယ့်သားသမီးကို အထိခိုက်မခံနိုင်ကြဘူး။
သို့ပေမယ့် အကြောက်တရားအောက်က လွတ်မြောက်ဖို့၊ စွန့်လွှတ်ရရင်တောင် စွန့်ရဲ ရင်းရဲတဲ့ အာဂသတ္တိတွေနဲ့။
ပြန်ရောက်/မရောက်ကို အသေအချာမသိပေမယ့် သားသမီးရဲ့ လက်ပေါ် သွေးအုပ်စု ရေးပေးလိုက်တဲ့ မိဘတွေ။
လမ်းထွက်ဖို့ ပြင်နေတဲ့ သားသမီးကို ကူညီပြင်ဆင်ပေးနေတဲ့ မိဘတွေ အများကြီး ထွက်လာခဲ့တယ်။
ဒါက သတ္တိဆိုပေမယ့် ဒီသတ္တိက ပညာနဲ့ အရှုံးမပေးချင်တဲ့စိတ်နဲ့ မွေးရတဲ့ သတ္တိပါပဲ။
အကြောက်တရားနဲ့/ ကြောက်စိတ်နဲ့ လူဖြစ်ရတာကိုသာ ကြောက်သင့်ကြောင်း သိတဲ့စိတ်ဓာတ်။
ဒီအကြောက်တရားကို တော်လှန်ရမှန်း သိတဲ့ စိတ်ဓာတ်။
မတရားမှုကို တွန်းလှန်ချင်တဲ့ စိတ်။ ရာထူးပြုတ် အလုပ်ပြုတ်မှာထက် ပိုပြီးစွန့်ရဲတဲ့ စိတ်ဓာတ်တွေ။
ကျွန်တော်တို့ မျိုးဆက်ဟာ ကြောက်ခဲ့ကြတယ်။ အကြောက်တရားနဲ့ ကြီးပြင်းလာခဲ့ရတယ်။
ကိုယ့်ရဲ့နောက်မျိုးဆက်မှာတော့ ဒီလိုအကြောက်တရားနဲ့ ကြီးပြင်းရမယ့် မျိုးဆက်အဖြစ် အရောက်မခံနိုင်ဘူး။
ဒီလို မိဘမျိုးနဲ့ ဆုံချင်တယ်။ ကိုယ့်သားသမီးဟာလည်း ကိုယ့်ကို ဒီလိုမိဘမျိုးသာ ဖြစ်စေချင်မှာပဲ။
အဖေ/အမေတို့ အဲဒီတုန်းက ကြောက်လို့ စကားတစ်ခွန်းတောင် မဟဘဲ ငြိမ်နေခဲ့ရတယ် ဆိုတဲ့အဖြစ်မျိုး ပြန်ပြောပြရင်တောင် သိပ်ရှက်ဖို့ကောင်းတယ်။
ကိုယ့်မျိုးဆက်ကို ဒီလို ရဲရဲတင်းတင်း အားပေးဝံ့တဲ့ မိဘမျိုးတွေ ဖြစ်ချင်တယ်။
ဘ၀မှာ တစ်ခါပဲသေရတယ်။ ကြောက်တတ်ရင်တော့ နှစ်ခါသေရပါတယ်။
`သမီး၊ ဘ၀မွာ တစ္ခါပဲေသတာပါ။ ေတြးေၾကာက္မေနနဲ႔´ တဲ့။
ေခြးေတြလိုက္ဖမ္းေနလို႔ ေျပးခဲ့ရတဲ့ သမီးကို ဖခင္ျဖစ္သူက အားေပးတဲ့စကား။
မိဘမ်ားစြာဟာ ကိုယ့္သားသမီးကို အထိခိုက္မခံႏိုင္ၾကဘူး။
သို႔ေပမယ့္ အေၾကာက္တရားေအာက္က လြတ္ေျမာက္ဖို႔၊ စြန္႔လႊတ္ရရင္ေတာင္ စြန္႔ရဲ ရင္းရဲတဲ့ အာဂသတၱိေတြနဲ႔။
ျပန္ေရာက္/မေရာက္ကို အေသအခ်ာမသိေပမယ့္ သားသမီးရဲ႕ လက္ေပၚ ေသြးအုပ္စု ေရးေပးလိုက္တဲ့ မိဘေတြ။
လမ္းထြက္ဖို႔ ျပင္ေနတဲ့ သားသမီးကို ကူညီျပင္ဆင္ေပးေနတဲ့ မိဘေတြ အမ်ားႀကီး ထြက္လာခဲ့တယ္။
ဒါက သတၱိဆိုေပမယ့္ ဒီသတၱိက ပညာနဲ႔ အရႈံးမေပးခ်င္တဲ့စိတ္နဲ႔ ေမြးရတဲ့ သတၱိပါပဲ။
အေၾကာက္တရားနဲ႔/ ေၾကာက္စိတ္နဲ႔ လူျဖစ္ရတာကိုသာ ေၾကာက္သင့္ေၾကာင္း သိတဲ့စိတ္ဓာတ္။
ဒီအေၾကာက္တရားကို ေတာ္လွန္ရမွန္း သိတဲ့ စိတ္ဓာတ္။
မတရားမႈကို တြန္းလွန္ခ်င္တဲ့ စိတ္။ ရာထူးျပဳတ္ အလုပ္ျပဳတ္မွာထက္ ပိုၿပီးစြန္႔ရဲတဲ့ စိတ္ဓာတ္ေတြ။
ကြၽန္ေတာ္တို႔ မ်ိဳးဆက္ဟာ ေၾကာက္ခဲ့ၾကတယ္။ အေၾကာက္တရားနဲ႔ ႀကီးျပင္းလာခဲ့ရတယ္။
ကိုယ့္ရဲ႕ေနာက္မ်ိဳးဆက္မွာေတာ့ ဒီလိုအေၾကာက္တရားနဲ႔ ႀကီးျပင္းရမယ့္ မ်ိဳးဆက္အျဖစ္ အေရာက္မခံႏိုင္ဘူး။
ဒီလို မိဘမ်ိဳးနဲ႔ ဆုံခ်င္တယ္။ ကိုယ့္သားသမီးဟာလည္း ကိုယ့္ကို ဒီလိုမိဘမ်ိဳးသာ ျဖစ္ေစခ်င္မွာပဲ။
အေဖ/အေမတို႔ အဲဒီတုန္းက ေၾကာက္လို႔ စကားတစ္ခြန္းေတာင္ မဟဘဲ ၿငိမ္ေနခဲ့ရတယ္ ဆိုတဲ့အျဖစ္မ်ိဳး ျပန္ေျပာျပရင္ေတာင္ သိပ္ရွက္ဖို႔ေကာင္းတယ္။
ကိုယ့္မ်ိဳးဆက္ကို ဒီလို ရဲရဲတင္းတင္း အားေပးဝံ့တဲ့ မိဘမ်ိဳးေတြ ျဖစ္ခ်င္တယ္။
ဘ၀မွာ တစ္ခါပဲေသရတယ္။ ေၾကာက္တတ္ရင္ေတာ့ ႏွစ္ခါေသရပါတယ္။celeupdatenews
celeupdatenews